The Rules of Life

IMG_20160417_115648
The Rules of Life (7)

written by RichardTempler Translated by Mra Rose presented by Mg Pyin Nyar

Know what counts and what doesn’t(2)

Doing something with your life counts. Going shopping because you are bored dosen’t.Yes by all means go shopping, but see what you do as counting or not counting,

Being real or not being real, having real value or not, being of some benefit or not.This dosen’t mean chucking it all up and going off to some fly-infested swamp to work

with the locals and catch malaria although that in itself would count, but you don’t have to go to quite those extreams to make your life meaningful.

အရေးကြီးသည် နှင့် မကြီးသည်ကို ခွဲခြားသိပါ

သင့်ဘ၀အတွက် အကျိုးရှမည့် အလုပ်တစ်ခု လုပ်ရန် အရေးကြီးသည်။သင် ပျင်းနေလျင် ဈေးဝယ်ထွက်ခြင်းသည် အရေးမကြီးပါ။ ဈေးဝယ်ထွက်နိုင်ပါသည်။

သို့သော် မိမိလုပ်ရပ်သည် အရေးကြီးမကြီး စစ်မှန်မှု ရှိမရှိ၊ အကျိုးရှိမရှိ ဆိုသည်ကို သိထားသင့်သည်။ဤသို့ဆို၍ မိမိအရာအားလုံးကိုစွန့်လွှတ်ပြီး ပိုးမွှားများပြားပြည့်နှက်နေသည့်

နွံတောထဲသွားကာ ဒေသခံတို့ နှင့် အတူလက်တွဲ ပြီး ငှက်ဖျားရောဂါ ကူးစက်ခံရလောက် သ်ညအထိ လုပ်ကိုင်ရန် မလိုအပ်ပါ။ထိုလုပ်ရပ်မျိုးသည် မွန်မြတ်သည်မှန်သော်လည်း

သင့်ဘ၀ အဓိပ္ပါယ်ရှိစေရန် ဦးတည်ချက်ဖြင့်တော့ ထိုအတိုင်းအတာအထိ စွန့်စားလုပ်ကိုင်ရန် လိုအပ်ချက်မရှိပါ။

လေးစားစွာဖြင့် ကျေးဇူးတင်ပါသည်။ မောင်ပညာ www.mgpyinnyar.com
လူသားတိုင်းအတွက် life long learning လိုအပ်ပါသည်။ အလျဉ်းသင့်၍ အောက်ပါဆောင်းပါးကိုမျှဝေလိုက်ပါသည်။ မောင်ပညာ

စဉ်ဆက်မပြတ်လေ့လာသင်ယူမှုနှင့်ကျွမ်းကျင်ပိုင်နိုင်မှု
by Myanmar Network Forum Moderator3

မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် သတင်းနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် နေ့စဉ်နီးပါး အရှိန်အဟုန် ဖြင့်ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။ လူသားတို့သည်ထိုပြောင်းလဲတိုးတက်မှုများကိုအမီလိုက်နိုင်စေရန် အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန်လိုအပ်ပေသည်။ ထို့အတူ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံတည်းသီးခြားရပ်တည်နိုင်သည့်ခေတ် ကုန်ဆုံးသွားပြီဖြစ်သည်။

နိုင်ငံကြီးခြင်း၊ ငယ်ခြင်း သည်အဓိကမကျတော့ချေ။ နိုင်ငံတစ်နိုင်ငံ၏ပထဝီ အနေအထား၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးမှု၊ ခေတ်မီ နည်းပညာနှင့် ဆန်းသစ်သောစစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှု စသည့်ဘက်ပေါင်းစုံ ကိုချိန်ထိုးပြီးမှသာ ထိုနိုင်ငံ၏ အဆင့်အတန်းကိုဆုံးဖြတ်နိုင်ပေသည်။ အလားတူ လူတစ်ဦးချင်းစီတွင်လည်း ရာထူးအဆင့်အတန်း ကြီးခြင်း၊ နိမ့်ခြင်း ဆိုသည့်သတ်မှတ်ချက် တစ်ခုတည်းပေါ်တွင်ရှုမြင်ပြီး ကျွမ်းကျင်ပိုင်နိုင်မှု အဆင့်ကိုမသတ်မှတ်နိုင်ချေ။ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုရှိသောသူသာလျှင် ကျွမ်းကျင်ပိုင်နိုင်မှုရှိနိုင် ပေသည်။ ထိုအချက်သည် မည်သူမျှ ငြင်းဆို၍မရသောပကတိအရှိတရားပင်ဖြစ်သည်။

စဉ်ဆက်မပြတ်လေ့လာသင်ယူမှုနှင့်ပတ်သက်၍ အစိုးရရုံးဌာနများနှင့် ကုမ္ပဏီအချို့တွင် တွေ့ရှိရသော ကျွမ်းကျင်ပိုင်နိုင်မှုမရှိသည့် အချို့သောဝန်ထမ်းများအကြောင်းကိုတင်ပြသွားလိုပါသည်။ စာရေးသူ၏ ဝန်ထမ်း လုပ်သက်ကာလ တစ်လျှောက်တွင် ရေပေါ်ဆီအရာထမ်း(Elite)မြောက်မြားစွာကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ခဲ့ရပါသည်။ ထိုဝန်ထမ်းများသည် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုမရှိသည့်အပြင် ကျွမ်းကျင် ပိုင်နိုင်မှုရှိသော အမှုထမ်းများမှ ကြိုးကြောင်းဆီလျော်စွာ တင်ပြသည့်အချက်အလက်များကိုပင် အလေးတယူ မှတ်သားနားထောင်သည့် အလေ့အထလည်းမရှိကြချေ။ လုပ်ငန်းစိတ်ပါဝင်စားမှုမရှိကြသည့် တစ်ချို့သော မိုးကျရွှေကိုများသည် ရာထူး အဆင့်အတန်း ကြီးကြီးမားမားရယူထားသော်လည်း မိမိဌာန၊ လုပ်ငန်းသဘော သဘာဝကိုပင် ထဲထဲဝင်ဝင် မသိရှိကြချေ။ သိအောင်လည်း လေ့လာလိုစိတ်မရှိပေ။ ထိုသူများသည် မိမိထမ်းဆောင်ရသည့်လုပ်ငန်းအား ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် စဉ်ဆက်မပြတ်လေ့လာလိုစိတ်မရှိကြချေ။ ထို့အပြင် ကျွမ်းကျင်ပိုင်နိုင်မှုရှိသော လက်အောက် ဝန်ထမ်းများ၏တင်ပြချက်များကို အလေးတယူမှတ်သား နားထောင်နိုင်မှု ဓာတ်ခံကလည်းပါမလာကြပေ။ ထိုပုဂ္ဂိုလ်များသည် တိုင်းပြည်ဖွံ့ဖြိုးမှုနောက်ကျရခြင်း အကြောင်းတရားများအနက် အဓိက ကျသော တာဝန်ရှိသူများပင်ဖြစ်သည်။

သို့ရာတွင် ထိုပုဂ္ဂိုလ်များသည်ဌာနသို့အကြီးအကဲများပြောင်းရွှေ့ရောက်ရှိလာပါက ၎င်းတို့၏ မရှိသော လုပ်ဆောင်ချက်စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသလိုကြသည်။ လူကြီးအထင်ကြီးမှုရရှိစေရန်ဖြစ်သည်။ ထိုသူများ၏လုပ်ရပ်သည် ဥဒေါင်းကသလိုပင် ရှေ့မျက်နှာစာတွင် လှချင်တိုင်း လှနေသော်လည်း နောက်က ဖင်ဟောင်းလောင်းဖြစ်နေပါသည်။ စိတ်ပျက်စရာလုပ်ရပ်ပင်ဖြစ်သည်။ ဝမ်းစာပြည့်သော အကြီးအကဲများသည် ထိုသူများ၏ အနားပြာလုပ်ရပ်ကို သုံးသပ်အကဲဖြတ်နိုင်မည်ဖြစ်သည်။ သို့သော် “ချိုကုပ်ရှိရာချိုထောင်မလာ“၊ “ဒီပုပ်ထဲကပဲဒီပဲ“ ဆိုသော သူများသာဆိုလျှင် “ဘုန်းကြီးရူးနဲ့ လှေလူး“ ဆိုသလိုလိုက်ဖက်ညီနေမည်ဖြစ်သည်။ ထိုဌာနအတွက် ရင်လေးစရာပင်ဖြစ်သည်။ ဌာနတွင်း ဝန်ထမ်းများသည် ဆန်ကောထဲကဆီးသီး လိုပင် မူးနောက်နေအောင်အလှိမ့်ခံရမည်သာဖြစ်သည်။

ထို့အပြင်ဌာနအကြီးအကဲ၏ အဖြူရောင်သက်သက်စိတ်ထားကိုလည်း ထိုရေပေါ်ဆီများက အရောင် အမျိုးမျိုးချယ်မှုန်းလိုကြသည်။ ပန်းချီဆရာပင်ရှုံးလောက်ပါပေသည်။ ထိုရေပေါ်ဆီမိုးကျရွှေကိုများသည် ဌာနသို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် အကြီးအကဲများနှင့် ဌာနတွင်းဝန်ထမ်းများအကြား မိတ်ဆက်ပွဲနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများပြုလုပ်ပါက အောက်ခြေဝန်ထမ်းများပြုစုပေးထားသည့် အချက်အလက်များဖြင့် လူကြီး အထင်ကြီးအောင် “ပါရာဖတ်“ လုပ်တတ်ကြသည်။ ထိုသူများ၏ စွမ်းစွမ်းတမံလုပ်ဆောင်ချက်များသည် တစ်ထောင့်တစ်ညပုံပြင်ထက်ပင်ရှည်လျားသဖြင့် ဂရင်းနစ်စံချိန်ဝင်လောက်ပါပေသည်။

သို့ရာတွင် ဌာနတွင်း ဝန်ထမ်းများသည် ထိုသူများအကြောင်း အူမချေးခါး၊အစအဆုံးသိထားကြသဖြင့် ထိုသူ၏ဟန်ပြလုပ်ရပ်အပေါ် နှာခေါင်းရှုံ့တတ်ကြပါသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် စိတ်ပျက်ဖို့ကောင်းသည့် လုပ်ရပ်ပင်ဖြစ်သည်။ ထိုသူများသည် မိမိတင်ပြသည့်အချက်အလက်များနှင့် လုပ်ငန်းသဘောသဘာဝကို ထဲထဲဝင်ဝင်မသိရှိဘဲ သိဟန်၊ တတ်ဟန်ဆောင်ကာ မျက်နှာပြောင်တိုင်လုပ်ဆောင်ကြသူများသာဖြစ်ကြသည်။ ထိုဝန်ထမ်းများသည် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဆန်ကုန်မြေလေးများပင်ဖြစ်သည်။ တာဝန်ရှိသူများက စိစစ်ဖော်ထုတ်ပြီး ဆုပေး၊ ဒဏ်ပေးပြုလုပ်သင့်ပါသည်။

ဝန်ထမ်းတစ်ဦးသည် မိမိထမ်းဆောင်ရသည့်တာဝန်ကို အမှားနည်းနည်းဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရန်သည် စဉ်ဆက်မပြတ်လေ့လာသင့်ယူနေရန်လိုအပ်ပါသည်။
**—–***—
သင်ခန်းစာ ၁၀ ခု
by Min Khaung | posted in: HRM | 1
Life of Pi ရုပ်ရှင်ကို မကြာသေးခင်ကပဲ မိတ်ဆွေတစ်ယောက်နဲ့အတူ ကြည့်ခဲ့ပါတယ်။ ကျနော်လည်း စာရေးဆရာ Yann Martel ရဲ့ Life of Pi ၀တ္ထုကို ဖတ်ပြီးကာစ။ ဒီစာအုပ်ဟာ ခိုင်မြဲတဲ့ ယုံကြည်မှုတွေနဲ့ လူငယ်လေးတစ်ယောက်ရဲ့ အန္တရာယ်တွေကြားက အသက်ဆက် လွတ်မြောက်ခဲ့တဲ့ အံ့သြဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။ စာပေဆိုင်ရာ ဆုတွေ ရရှိခဲ့တဲ့အပြင် ရုပ်ရှင်ရိုက်တော့လည်း အော်စကာဆု ရခဲ့ပါတယ်။ Life of Pi ဟာ လက်ရာမြောက်တဲ့ ဖန်တီးချက်တွေနဲ့ သင့်ရဲ့ အာရုံကို ထူးထူးခြားခြား ဖမ်းစားနိုင်တဲ့အပြင် ဒီဇာတ်ကားမှာ ဘ၀အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။
၁။ အာရုံစူးစိုက်ပါ
ဒီစကားကို ပိုင်ရဲ့ ဖခင်က ညစာ ထမင်းစားဝိုင်းမှာ ပိုင်ကို ပြောခဲ့တယ်။ အဲဒီအချိန်မှာ ပိုင်က မတူညီတဲ့ ဘာသာတရားတွေကို အရမ်းစူးစမ်းချင်နေပြီး အဲဒီဘာသာအားလုံးကို တစ်ပြိုင်တည်း ကိုးကွယ်ချင်နေတဲ့အတွက်ကြောင့်ပါပဲ။ မတူညီတဲ့လမ်းကြောင်းတွေကို တစ်ပြိုင်တည်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒီလမ်းကြောင်းအတော်များများဟာ ကွဲပြားဆန့်ကျင်နေတတ်တယ်၊ ရှုပ်ထွေးမှုတွေကို ဖြစ်စေတတ်ပြီး အာရုံစူးစိုက်ဖို့ ခက်ခဲစေတတ်တယ်။ နောက်ဆုံးတော့ အရေးပါလှတဲ့ စွမ်းအင်တွေကို ဖြုန်းတီးပစ်သလို ဖြစ်သွားတတ်ပါတယ်။
၂။ ဘ၀ဆိုတာ စွန့်စားခန်းပါ
ကျနော်တို့ ကလေးတုန်းက ရှိခဲ့တဲ့ စွန့်စားလိုစိတ်တွေဟာ ကြီးလာတဲ့အခါ ပျောက်ဆုံးသွားကြပါတယ်။ စူးစမ်း စွန့်စားလိုစိတ်ဟာ သင့်ကို ငယ်ရွယ်သွားသလို ခံစားရစေနိုင်ပါတယ်။
၃။ သက်သောင့်သက်သာဇုန်က ခုန်ထွက်
ကျနော်တို့ဟာ သက်သောင့်သက်သာဇုန် (comfort zone) မှာ ထိုင်နေလိုကြတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စမ်းသပ်ကြရမယ်၊ ကျနော်တို့ကိုယ်ကျနော်တို့ ရှာတွေ့ဖို့အတွက် ဒီ သက်သောင့်သက်သာဇုန်ကနေ ကျော်လွန်ပြီး သွားကြရမယ်။ ဒါက သင့်ကို ချွန်မြစေတယ်၊ သင့်လမ်းခရီးမှာ တွေ့လာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ဆုပ်ကိုင်နိုင်စေတယ်။
၎။ ကျနော်တို့အားလုံးမှာ တူညီတဲ့ရည်မှန်းချက်တစ်ခုရှိကြတယ်။ အဲဒါကတော့ အခက်အခဲတွေကနေ ရှင်သန်နိုင်ဖို့ပါပဲ
သက်ရှိအရာတိုင်းဟာ ဆက်လက် အသက်ရှင်နိုင်ဖို့ စဉ်ဆက်မပြတ် ရုန်းကန်နေကြရပါတယ်။ ဒါကပဲ ကျနော်တို့ကို နိုးကြားစေတယ်၊ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ပိုပြီး နားလည်လာစေတယ်။
၅။ ဘ၀ဆိုတာ စိတ်ကြိုက်ပုံဖော်နိုင်တဲ့အရာ
ကျနော်တို့ဟာ တူညီတဲ့အရာတွေကို တွေ့ကြုံတတ်ကြပေမယ့် ကျနော်တို့ နားလည်အတိုင်း၊ ကျနော်တို့ရဲ့ ဘ၀အတွေ့အကြုံတွေအတိုင်းသာ အဲဒီအရာတွေကို တုန့်ပြန်တတ်ကြတယ်။ ကျနော်တို့ထံ ဖြစ်လာတဲ့အခြေအနေတိုင်းကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ ကျနော်တို့ ဆုံးဖြတ်နိုင်တယ်။ ဒါမှမဟုတ် အခြေအနေရဲ့ သားကောင်အဖြစ် အရှုံးပေးလိုက်နိုင်တယ်။
၆။ ခွန်အားဆိုတာ အတွင်းက လာတာ
အခက်အခဲအချိန်တိုင်းမှာ ကျနော်တို့ရဲ့ ကိုယ်တွင်းကလာတဲ့ ခွန်အားက ကျနော်တို့ကို ရှေ့ဆက်သွားနိုင်စေတယ်။ ဒီထက်ပိုတဲ့ စွမ်းအားမရှိပါဘူး။ ဇာတ်ကားထဲမှာ ပိုင်က ဘုရားသခင်ကို သူ့ကို ဘာကြောင့် ဒီဒုက္ခတွေ ကြုံတွေ့စေရတာလဲလို့ မေးတယ်။ သူဟာ ဒီအရာတွေကို ဖြစ်သလိုကြုံတွေ့လာတဲ့ ကိစ္စတွေလို့ မမှတ်ယူဘဲ သူ့ကို စမ်းသပ်နေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူတယ်။ ပြီးတော့ သူ့ရဲ့ကိုယ်တွင်းကနေ ခွန်အားကို ရှာဖွေပြီး လူသားတစ်ယောက်အဖြစ် ရှင်သန်နိုင်ခဲ့တယ်။ သင့်မှာ သင်သိထားတာထက်ပိုတဲ့ သတ္တိတွေ ရှိတယ်။
၇။ ကြက်ဥတွေအားလုံးကို ခြင်းတစ်ခြင်းထဲမှာပဲ ထည့်မထားနဲ့
ရစ်ချက်ပါကာ ဆိုတဲ့ ကျားရဲ့ရန်ကနေ သူ့အစာတွေကို ကာကွယ်နိုင်ဖို့ ပိုင်က ရှိသမျှ စားစရာအားလုံးကို သူ တည်ဆောက်ထားတဲ့ ဖောင်ကလေးမှာ ချည်နှောင်ထားတယ်။ အဲဒီကျားကလွဲလို့ တခြားဘာအန္တရာယ်ကိုမှ ပိုင် သတိမထားမိခဲ့ဘူး။ တစ်ညတော့ ဝေလငါးကြီးတစ်ကောင်ပေါ်လာပြီး လှေကို မှောက်အောင် လုပ်လိုက်တဲ့အခါ ပိုင်မှာ ရှိသမျှ စားစရာတွေအားလုံး ကုန်သွားတော့တယ်။ ပိုင် စိတ်ဓာတ်ကျပြီး ကျန်ခဲ့တယ်။ ကျနော်တို့မှာ နည်းနည်းပဲရှိတဲ့အခါ ဒီထက်ပိုပြီး မရှာဖွေခင်မှာ ရှိတဲ့နည်းနည်းကို ကာကွယ်ဖို့ ကြိုးစားကြရပါမယ်။ သင့်မှာရှိသမျှကို တစ်နေရာတည်းမှာ ထားတဲ့အခါ ဒါမှမဟုတ် သင့်ယုံကြည်မှုအားလုံးကို အတွေးအမြင်တစ်ခုတည်းမှာပဲ တည်ဆောက်ထားတဲ့အခါ၊ မမျှော်လင့်တဲ့ အန္တရာယ်တွေ ဖြစ်လာခဲ့ရင် သင့်မှာ ဘာမှ ကျန်မှာ မဟုတ်ပါဘူး။
၈။ အစီအစဉ်တစ်ခု အမြဲရှိပါ
နေ့စဉ်မှတ်တမ်းစာအုပ် ထားပါ။ပိုင်ဟာ ပင်လယ်ထဲမှာ အစားအသောက်နည်းနည်းရယ် ငတ်မွတ်နေတဲ့ ကျားတစ်ကောင်ရယ်နဲ့အတူ ကျန်ခဲ့တဲ့အခါ သူ့မှာ အသက်ဆက် လွတ်မြောက်ဖို့ အစီအစဉ် plan တစ်ခု ရှိရပါတော့မယ်။ ကံကောင်းစွာပဲ သူ စားစရာနည်းနည်းနဲ့ စာအုပ်တစ်အုပ် ရခဲ့တယ်။ ဖြစ်ရပ်တွေကို မှတ်ထားဖို့ အရေးကြီးပါတယ်။ သင် လိုအပ်တဲ့အခါ ပြန်ကြည့်နိုင်တယ်။ ကျနော်တို့ဟာ မှတ်ဥာဏ်ကိုပဲ အားကိုးမနေနိုင်ပါဘူး။ နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ် ထားခြင်းအားဖြင့် သင်ပြုလုပ်သမျှအရာတွေ၊ သင်အဲဒါတွေကို ဘာကြောင့်ပြုလုပ်သလဲဆိုတာတွေကို အမြဲတမ်း ဆန်းစစ်နိုင်ပါတယ်။ ဆာဆာနဲ့ အများကြီး စားမပစ်ခဲ့ဘဲ အစီအစဉ်နဲ့ စားခဲ့တဲ့အတွက်လည်း ပိုင်ရဲ့ အစားအစာတွေဟာ ပိုပြီး ကြာ