Win’s Wisdom (1)

ကျွန်တော်ရေးနေတဲ့ Win’s Wisdom seriesဟာ
၁၀စုနှစ်တခုကြာပြီးတော့ယခင်၂၀၀၆ လောက်က idea နဲ့ ယခု ၂၀၁၆ အတွေးအမြင်တို့ မတူတော့ဘဲ ပြောင်းလဲမှုတွေ တွေ့လာရပါတယ်။ နောင်လည်း ပြောင်းလဲ နေအုန်းမှာပါ၊ ရေးပြီးသား ဆောင်းပါးတချို post မလုပ်ဖြစ်တော့ ခေတ်နောက်ကျကျန်နေသလို
မျက်မှောက်ခေတ်နဲ့ လျော်ညီအောင် အတော်ကြိုးစားရမှာပါလားလို့ သိလာရပါတယ်။

ဒီတော့ လောလာဆယ်ကျွန်တော် ဖတ်မိသမျှထဲက ပြောချင်တာလေး ကိုကြိုးစား တင်ပြလိုက်ပါတယ်။
FB_IMG_1458632773699
နှောင်းလူတို့ အကြောင်းမူရမည့် သဘောတရား ၂ချက်
ကို Facebook founder မက်ဇူကာဘတ် ကမွေးကင်းစသူ့သမီးဦးလေး မက် ထံ ရည်စူးပြီး ရေးခဲ့ပါတယ်။အဲဒါကတော့
(၁) Advancing Human potential
(၂) promoting equality
တို့ဖြစ်ပါတယ်။

ဆိုလိုတာက လူသားစွမ်းပကားမြှင့်တင်ရေးနဲ့
လူသားတိုင်း သာတူညီမျှ ဖြစ်အောင် ဆောင်ရွက်ရေး တို့ ဖြစ်ပါတယ်။ ဆက်ရန် —

Win’s Wisdom page 2
ယမန်နေ့က အဆက်
လူသားတွေ ရဲ့စွမ်းပကားမြှင့်တင်ရေး ဆိုတဲ့ အကြောင်းကို ဝေဖန်ကြည့်မယ်ဆိုရင်–
ကမ္ဘာဦးလူသား နဲ့ ၂၁ရာစု လူသားတို့ရဲ့စွမ်းရည် အတော်ကိုကွာခြားနေကြောင်း သိသာပါတယ်။လူ့သက်တတမ်းကလည်းတဖြည်းဖြည်း တိုလာပြီဖြစ်သော်လည်း ကျန်းမာရေး ဆေးပညာတိုးတက်လာလို့ နှောင်းလူတို့ရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်မည်လား စဉ်းစားစရာပါ၊
တဖန် လူသားတိုင်းကျန်းမာသက်ရှည် လာတယ်ဆိုပေမယ့် စစ်မက်ကင်းရှင်း ငြိမ်းချမ်းမှု ကိုတော့
အနာဂါတ်မှာမရေရာသေးပါ။ မျိုးဆက်သစ်တို့ရဲ့ ခေတ်မှာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာ့စစ်မီး ထတောက် နိုင်သလို သဘာဝ ဘေးဒဏ်များ ကြီးထွားပြီး လူသားတွေ အန္တရယ်များရှိနေပါတယ်။
လူ့အဖွဲ့အစည်းမှာ civilization and culture ပိုင်းပိုမိုမြင့်မားလာသလို ရှိပေမယ့် တဖက်မှာ ဆုတ်ယုတ်နိမ့်ကျမှုများလည်း ရှိနေပြန်တယ်၊သိပ္ပံပညာနယ်ပယ် science ကျယ်ဝန်းတိုးတက်လာ သော်လည်း ဝိဇ္ဇာပညာနယ်ပယ် Art ကျဉ်းမြောင်း နိမ့်ကျလာတာ ကိုတွေ့နေရပါတယ်။
လူဟာ မွေးဖွါးလာတည်းက စွမ်းရည် ဗီဇ ပါလာ သော်လည်း ပတ်ဝန်းကျင် လောင်းရိပ် အောက်မှာ ဘောင်ခတ် ထားခံရပြီး အမြင်ကျဉ်းမြောင်း လာတတ်ပါတယ်၊ ဘာသာရေး မှိုင်းမိနေတာမျိုး ကြောင့် မိမိစွမ်းရည်တွေ နစ်မြုတ်နေတတ်ပါတယ်။
ဒါကြောင့် အသိဥာဏ်ကွန့်မြူးမှု innovation society ဖြစ်လာအောင် ကြိုးစားမှသာ လူသား
စွမ်းပကား မြင့်မားလာနိုင်မယ်လို့ ဆိုချင်ပါတယ်။
ဆက်ရန်
ယမန်နေ့ကအဆက်
Win’s Wisdom (1) page2
မက် ရဲ့ ခေတ်သစ်ချစ်သမီးထံပေးစာ မှာလည်းဒီလိုရေးခဲ့တယ်
သမီးတို့ ခေတ်မှာ ဖေဖေတို့ခေတ်သင်ယူ ခံစားနိုင်တာတွေထက် ၁၀ ဆ (သို့) အဆ ၁၀၀ထိ တိုးတက်သင်ယူ ခံစား လာနိုင်မည်လား။
လူ့အဖွဲ့အစည်း အတွက် ဖေဖေတို့စွန့်ဦးတီထွင်မှုတွေ ပျိုးထောင်ပေးခဲ့တာကို သမီးတို့ခေတ်မှာ
ငြိမ်းချမ်းသာယာ ဝပြောမှုတွေဖြစ်အောင် စွမ်းဆောင်ဖြေရှင်းပေးနိုင်မည်လား။
လူတိုင်းဘယ်နိုင်ငံသား ဘယ်လူမျိုးမဆို လူ့အခွင့်အရေးတန်းတူ ရယူပိုင်ဆိုင်နိုင်ဖို့ သာတူညီမျှ
ရှိမှု Human equality ကိုမြှင့်တင်ပေးနိုင်မည်လား စသည်ုဖြင့် နှောင်းလူတွေရဲ့ အနာဂါတ်ကို ပုံဖေါ်ခန့်မှန်းမေးမြန်းထားပါတယ်။
တကယ်တော့ နှောင်းလူအများရဲ့တိုးတက်ဖြစ်ထွန်းလာနုင်မှု အလားအလာ တွေကို ယနေ့ထိ အောင်မြင်မှု အထမမြောက်သေးဘူးလို့ ဆိုရမှာပါ၊ ဒါကြောင့်မက် က နှောင်းလူသား(ဝါ) မျိုးဆက်သစ် တွေကို အောင်မြင်စေ့ချင် လို့ သူ့သမီး အပါအဝင် လူတစ်ဦးချင်းစီရဲ့ idea နဲ့ အရည်အသွေး Human poentiality မြင့်မားလာအောင်လမ်းဖွင့်ပေးဖို့ လိုကြောင်း
်ထောက်ပြရေးသားခဲ့ပါတယ်။ ဆက်ရန်